Home
မြန်မာသတင်း
မန္တလေးစည်ပင်ရွေးကောက်ပွဲ ကော်မတီဝင်လောင်း ၁၂ ဦးကို ကြေညာ
DVB
·
April 5, 2015
unnamed
8
7
6
5
4
3
2
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်ရွေးကောက်ပွဲအတွက် ယှဉ်ပြိုင်မယ့် ကော်မတီဝင်လောင်း ၁၂ ဦးကို တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။ နှစ် ၃၀ အတွင်းမှာ ပြည်သူက ကိုယ်တိုင်ရွေးချယ်ရမယ့် စည်ပင်သာယာရေး ကော်မတီဝင်လောင်း ရွေးကောက်ပွဲအတွက် ၀င်ရောက်ယှဉ်ပြိုင်မယ့်သူ ၁၂ ဦး အမည်စာရင်းကို ဧပြီ ၅ ရက်နေ့က ကြေညာလိုက်တာပါ။ ချမ်းအေးသာစံမြို့နယ်အတွက် ယှဉ်ပြိုင်မယ့် ကော်မတီဝင်လောင်း ၄ ဦး၊ မဟာအောင်မြေမြို့နယ်က ကော်မတီဝင်လောင်း ၁ ဦး၊ ချမ်းမြသာစည်မြို့နယ်က ယှဉ်ပြိုင်မယ့် ကော်မတီဝင်လောင်း ၂ ဦး၊ ပြည်ကြီးတံခွန်မြို့နယ်က ကော်မတီဝင်လောင်း ၂ ဦးနဲ့ အမရပူရမြို့နယ်အတွက် ယှဉ်ပြိုင်သူ ကော်မတီဝင်လောင်း ၃ ဦး ဖြစ်ပါတယ်။ ယှဉ်ပြိုင်တဲ့ ကော်မတီဝင်လောင်းထဲက မြို့နယ်တမြို့နယ်အတွက် ကော်မတီဝင်တဦးစီကို ရွေးချယ်မှာဖြစ်ပြီး အဲဒီထဲမှ ဒုတိယမြို့တော်ဝန်နဲ့ အတွင်းရေးမှူးကို တိုင်းဒေသကြီးက ထပ်မံရွေးချယ်မှာဖြစ်ပါတယ်။ မြို့နယ် ၆ ခုပေါင်း ခန့်မှန်းမဲစာရင်း ၁ သိန်း ၈ သောင်းရှိတယ်လို့ မန္တလေးစည်ပင် ကော်မတီဝင်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။ မဲရုံပေါင်း ၂၀၇ ရုံရှိပြီး အိမ်ထောက်စုတစုကို ၁ ဦးပဲ မဲပေးခွင့်ရှိမှာဖြစ်ပါတယ်။ မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီဝင်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးခင်မောင်ကျော်က  “အခြေခံကျောင်းတွေမှာ မဲရုံထားရှိမှာဖြစ်ပြီး မဲပေးမယ့်သူက မှတ်ပုံတင်ယူခဲ့ရမယ်။ မလုပ်ရသေးဘူး၊ ပျောက်နေတာဆိုရင် ရပ်ကွက်တွင်းက နေထိုင်တာမှန်တယ်ဆိုရင် ပေးပေါ့” လို့ ပြောပါတယ်။ မေလဆန်းမှာ စည်ပင်သာယာရေး ကော်မတီဝင် ရွေးကောက်ပွဲပြုလုပ်မှာဖြစ်ပေမယ့် ယှဉ်ပြိုင်မယ့်ရက်ကိုတော့ ဧပြီလ ၉ ရက်နေ့ ကြေညာမှာဖြစ်ပါတယ်။ လက်ရှိကော်မတီဝင်လောင်း ယှဉ်ပြိုင်မယ့် သူတွေ အမည်စာရင်းတင်သွင်းထားတာကို ကျေနပ်မူမရှိရင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌထံ ဒါမှမဟုတ် တာဝန်လွဲအပ်ထားတဲ့ အဖွဲ့ဝင်တွေထံ တိကျခိုင်လုံတဲ့ အထောက်ထားနဲ့ ဧပြီ ၅ ရက်နေ့ကနေ ဧပြီ ၁၄ ရက်နေ့ထိ တင်ပြခွင့်ရှိတယ်လို့ ဆိုပါတယ်။ [gallery ids="88417,88418,88419,88420,88421,88422,88423,88424"]

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013