Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့များ ဆွေးနွေး
DVB
·
June 22, 2019
skt
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ စစ်ကိုင်းတိုင်းအတွင်းက နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့တွေ ဇွန် ၂၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) ဦးမြင့်အောင် နဲ့ စစ်ကိုင်းတိုင်းအတွင်း နိုင်ငံရေးပါတီ ၉ ခုက ပါတီခေါင်းဆောင်တွေ၊ ဒေသခံ အရပ်ဘက်အဖွဲ့အစည်း ၁၄ ခုက ကိုယ်စားလှယ်တွေ ဇွန် ၂၁ ရက်နေ့က မုံရွာမြို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီခန်းမမှာ တွေ့ဆုံကာ ရွေးကောက်ပွဲဆိုင်ရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲကို ပထမဆုံးအကြိမ်ပြုလုပ်တာဖြစ်ပြီး ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ အတွေ့အကြုံတွေနဲ့ပတ်သက်လို့ အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲတာဝန်ရှိသူတွေက လာမယ့် ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ မဲဆန္ဒရှင်စာရင်းပြုစုတာအပါအဝင် ကြိုတင်ပြင်ဆင်နေတာတွေ၊ ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်ဖို့ လိုအပ်နေသေးတဲ့ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေနဲ့ပတ်သက်ပြီး လုပ်ဆောင်ချက်တွေကိုလည်း ရှင်းလင်း ပြောကြားခဲ့ကြပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဟာ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ တိုင်းအတွင်းက ဌာနဆိုင်ရာတွေနဲ့လည်း တွေ့ဆုံကာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အပြန်အလှန်ဆွေးနွေးတာတွေလည်း သီးသန့်ပြုလုပ်ခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013