
ရှမ်းပြည်နယ်မြောက်ပိုင်းက ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် (MNDAA) က ထိန်းချုပ်ပြီးနောက် သိန္နီတိုးဂိတ်နဲ့ ပြည်ထောင်စုလမ်းကို ပြန်ဖွင့်ပေးလိုက်ပြီး မြို့တွင်းမှာလည်း အခြေအနေ တည်ငြိမ်နေတယ်လို့ MNDAA စစ်ရေးသတင်းအရင်းအမြစ်ဆီက သိရပါတယ်။
တအာင်းတပ် (TNLA) နဲ့ MNDAA တို့ရဲ့ ပဋိပက္ခတွေကြောင့် သိန္နီတိုးဂိတ်နဲ့ ပြည်ထောင်စုလမ်းကို တလနီးပါးကြာ ပိတ်ထားရာကနေ ဒီနေ့မှာတော့ ကုန်တင်ယာဉ်တွေ ပြန်လည်သွားလာနိုင်ပြီလို့ ဆိုပါတယ်။
MNDAA ဘက်ကတော့ လားရှိုး-သိန္နီ-ကွတ်ခိုင်-၁၀၅ မိုင်လမ်းကြောင်းကို ဖွင့်ပေးလိုက်တာဖြစ်ပြီး ကွတ်ခိုင်မြို့ ကိုတော့ MNDAA က အမြဲတမ်းအုပ်ချုပ်သွားဖို့ အစီအစဉ်ရှိနေတယ်လို့ ဆိုပါတယ်။
ဒီနေ့မှာတော့ TNLA နဲ့ MNDAA တို့ဟာ မိုင်းယုလေးနဲ့ နမ့်ခမ်းကြား၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်ကြားက ၁၂ မိုင်မှာ ပစ်ခတ်မှုတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။


