Home
နိုင်ငံတကာ
အီရန်က AI သုံးပြီး သတင်းမှားဖြန့်နေဟု ထရမ့်ပ် စွပ်စွဲ
DVB
·
March 16, 2026
Photo: REUTERS/Kevin Lamarque

အီရန်ဟာ စစ်ပွဲအတွင်း အောင်မြင်မှုတွေ၊ ထောက်ခံမှုတွေကို မှားယွင်းဖော်ပြဖို့ သတင်းမှား လက်နက်အဖြစ် ဉာဏ်ရည်တုကို သုံးနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ် ၁၅ ရက်မှာ စွပ်စွဲခဲ့ပါတယ်။

အီရန်ဟာ မရှိတဲ့ အသေခံလှေတွေ “ကာမီကာဇေလှေတွေ” ကို ပြသခဲ့တယ်လို့ ထရမ့်ပ်က Truth Social လူမှုမီဒီယာမှာ ပြောခဲ့ပါတယ်။

အီရန်ဟာ အမေရိကန်ရဲ့ USS အေဘရာဟင်မ် လင်ကွန်း လေယာဉ်တင်သင်္ဘောကို အောင်အောင်မြင်မြင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ မှားမှားယွင်းယွင်း ပုံဖော်ဖို့ AI ကို သုံးခဲ့တာလို့လည်း သူက ထပ်ပြောခဲ့ပါတယ်။

သတင်းကို ဖြန့်ဝေတဲ့ စာစောင်တွေကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲဆိုသင့်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

အီရတ်နိုင်ငံ ဘာဆရာဆိပ်ကမ်းကနေ ရိုက်ကူးထားတဲ့ပုံတွေကို ရိုက်တာသတင်းဌာနက အတည်ပြုထားပြီး အဲဒီပုံတွေမှာ ပေါက်ကွဲစေတတ်တဲ့ အီရန်သင်္ဘောတွေဟာ လောင်စာဆီတင်သင်္ဘော ၂ စင်းကို တိုက်ခိုက်ပြီး သင်္ဘောသားတယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အီရန်အစိုးရမီဒီယာတွေက အီရန်စစ်တပ်ဟာ USS အေဘရာဟင်မ် လင်ကွန်း လေယာဉ်တင်သင်္ဘောကို တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြခဲ့ပေမဲ့ အနောက်နိုင်ငံတွေက ဒီစွပ်စွဲချက်ကို ကျယ်ကျယ်ပြန့်ပြန့် လက်မခံခဲ့ကြပါဘူး။

ထရမ့်ပ်က သူရည်ညွှန်းနေတဲ့ အီရန်ရဲ့ သတင်းတွေကို ရှင်းရှင်းလင်းလင်း မဖော်ပြခဲ့ပါဘူး။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013