
အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ အိုဒီရှာပြည်နယ်က ဆေးရုံတရုံရဲ့ စိတ်ဒဏ်ရာကုသဆောင်မှာ မတ် ၁၆ ရက်က မီးလောင်မှုဖြစ်ပြီး လူ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
လူ ၅ ယောက် အပြင်းအထန် ဒဏ်ရာရခဲ့ပေမဲ့ မီးလောင်မှုကြောင့်လား မလောင်ခင်ရတဲ့ အစောပိုင်းဒဏ်ရာတွေလား ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
တနင်္လာနေ့ အစောပိုင်းက စိတ်ဒဏ်ရာကုသဆောင်မှာ လျှပ်စစ်ဝါယာကြိုး ရှော့ခ်ဖြစ်လို့ မီးလောင်ခဲ့တာ ဖြစ်နိုင်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် မိုဟန် ချာရန် မာဂျီက သတင်းထောက်တွေကို ဆေးရုံမှာ ပြောပါတယ်။
လူနာ ၂၃ ယောက်ထက်မနည်းကို အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုပေးနေပြီး သူတို့ထဲက ၁၀ ယောက်က မီးလောင်တဲ့နေရာကနေ ဝေးရာ ပိုဘေးကင်းတဲ့နေရာဆီ ရွှေ့ချိန်မှာ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
Source: Reuters


