
အိန္ဒိယနိုင်ငံအလယ်ပိုင်း မဒယာပရာဒေ့ရှ်ပြည်နယ်၊ အင်ဒိုးမြို့ရဲ့ လမ်းတွေပေါ်မှာ လူထောင်ပေါင်းများစွာဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ ရောင်စုံအမှုန့်တွေနဲ့ပက်တဲ့ ဟိုလီပွဲတော်အပြီး ၅ ရက်အကြာမှာ ကျင်းပတဲ့ 'ရန်းပန်ချာမီ' ပွဲတော်ကို ကျင်းပဖို့ စုဝေးခဲ့ကြပါတယ်။
ရောင်စုံဆေးမှုန့်တွေနဲ့ စက္ကူစတွေ လေထဲပျံ့နှံ့သွားတာနဲ့အမျှ ဝတ်ပြုကိုးကွယ်သူတွေက လမ်းပေါ်မှာ ကခုန်ခဲ့ကြပါတယ်။
ဒီလို လူအုပ်ကြီးစုဝေးတာဟာ နိုင်ငံအတွင်း ဟိုလီပွဲတော်တွေ ပြီးဆုံးတဲ့ အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။
နွေဦးရာသီအစမှာ ကျင်းပတဲ့ ဟိုလီပွဲတော်ဟာ ဟိန္ဒူဘုရားရှင် ကရစ်ရှနာနဲ့ နတ်မိမယ်ရာဒါတို့ရဲ့ ထာဝရအချစ်နဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်ကြတဲ့ ဒဏ္ဍာရီကြောင့် ဘာသာရေးအရ အရေးပါတဲ့ ပွဲတော်လည်း ဖြစ်ပါတယ်။
Source: Reuters


