Home
သတင်းဓာတ်ပုံ
ရန်ကုန်တွင် မိုးသီးကြွေ၊ ကွက်ကျားမိုး​ရွာပြီး ပိ​တောက်များပွင့် (ဓာတ်ပုံ) 
DVB
·
March 16, 2026
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB

ရန်ကုန်မြို့မှာ မိုးသီးတွေကြွေကျ၊ ကွက်ကျားမိုး​ရွာပြီး  ပိ​တောက်ပန်းတွေ ပွင့်နေလို့ တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေးရှေ့မှာ ပိတောက်ပန်းတွေ ရောင်းချနေတာ  မြင်တွေ့ရပါတယ်။

မတ် ၁၂ ရက်ကတည်းကစလို့ ​တောင်တရုတ်ပင်လယ်အတွင်း အ​ရှေ့​မြောက် ​မုတ်သုံလေစီး​ကြောင်း တိုက်ခတ်မှုနဲ့အတူ ထိုင်းနိုင်ငံဘက်က ဝင်​ရောက်လာတဲ့ မိုးတိမ်​တွေနဲ့ မြန်မာနိုင်ငံ​တောင်ပိုင်းက ဝင်​ရောက်လာတဲ့ မိုးတိမ်​တွေ​ကြောင့် နေရာတချို့မှာ စိုက်ဆင်း​လေ​တွေနဲ့ မိုးရွာသွန်းတာ​တွေအပြင် ကြီးမားတဲ့ မိုးသီးတွေ ​ကြွေကျခဲ့ပါတယ်။

အခုလို မတ်လလယ်မှာ အပင်ငယ် ပိ​တောက်​တွေသာ ရွက်​ကြွေ​စောပြီး အဖူးတင်​လေ့ရှိတာမို့ ​အခု​လို လေပြင်းကျ၊ မိုးသီး​ကြွေပြီး ကွက်ကျားမိုး​တွေရွာချိန်မှာ ပိ​တောက်​တွေ ပင်လုံးကျွတ် ပွင့်လာတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့လယ်က သက်တမ်းရင့် ပိတောက်ပင်ကြီး​တွေမှာ​တော့ အရွက်​ကြွေ​နေဆဲဖြစ်ပြီး အဖူးဝင်စပဲ ရှိ​သေးတာမို့ ရန်ကုန်မြို့လယ်ကလွဲလို့ အပင်သစ်​တွေ စိုက်ပျိုးနိုင်တဲ့ ​နေရာအ​တော်များများမှာ ပင်ပျိုပိ​တောက်​တွေ ပွင့်လာကြတာ ဖြစ်ပါတယ်။

မြို့​တော်ခန်းမ​ရှေ့မှာလည်း မြို့​တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်ကို စတင်​ဆောက်လုပ်​နေပြီး မဟာသင်္ကြန်ပွဲ​တော်ကို စည်စည်ကားကား ကျင်းပသွားမယ်လို့ အာဏာသိမ်းအစိုးရက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013