
မန်ယူအသင်းဟာ အက်စတွန်ဗီလာကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး အဆင့် ၃ နေရာကို ခိုင်မာအောင် လုပ်နိုင်ခဲ့ပေမဲ့ ဝါရင့်နောက်ခံလူဟောင်း ရွိင်ကိန်းကတော့ မိုက်ကယ်ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ သဘောမတူကြောင်း ထုတ်ဖော်ပြောပါတယ်။
ကာရစ်ဟာ ဇန်နဝါရီမှာ တာဝန်ယူပြီးနောက် ၉ ပွဲမှာ ၇ ပွဲအထိ အနိုင်ရအောင် စွမ်းဆောင်ထားနိုင်လို့ ဝိန်းရွန်နီက “၁၀၀ ရာခိုင်နှုန်း ခန့်သင့်တယ်” လို့ ထောက်ခံထားပေမဲ့ ကိန်းကတော့ ဒါဟာ “အချိန်ကိုက်” တာဝန်ယူရလို့ ရလဒ်ကောင်းနေတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရွိင်ကိန်းက မန်ယူလိုအသင်းမျိုးကို စီမံခန့်ခွဲဖို့အတွက် ဆုဖလားအောင်မြင်မှုနဲ့ ဥရောပ အတွေ့အကြုံရှိတဲ့ နည်းပြမျိုး လိုအပ်တယ်လို့ ယူဆနေပြီး သူလိုချင်တဲ့ နည်းပြ ၂ ယောက်အဖြစ် ဒီယေဂိုဆီမြွန်နီနဲ့ လူးဝစ် အန်နရီကေး တို့ကို အမည်ပေးခဲ့ပါတယ်။
ကာရစ်ကတော့ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေကို ဂရုမစိုက်ဘဲ လာမဲ့ ဘုန်းမောက်နဲ့ပွဲကိုသာ အာရုံစိုက်ထားတယ်လို တုံ့ပြန်ခဲ့ပါတယ်။


