
တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကို သွင်းဂိုးတွေ ဆက်တိုက်ရရှိနေတဲ့အပေါ် အံ့အားသင့်စရာ မရှိကြောင်း မန်ယူနည်းပြ မိုက်ကယ်ကာရစ်က ပြောသွားပါတယ်။
ဆက်စ်ကိုဟာ ဖူဟမ်ကို အနိုင်ရတဲ့ပွဲမှာ နောက်ကျအနိုင်ဂိုး သွင်းခဲ့သလို ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း နောက်ကျချေပဂိုး သွင်းခဲ့တာပါ။
ဆက်စ်ကိုဟာ ပထမဆုံး ပရီးမီးယားလိဂ် ၁၆ ပွဲမှာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပေမဲ့ နောက်ဆုံး ၅ ပွဲမှာ ၄ ဂိုး သွင်းယူနိုင်ခဲ့တာပါ။
ဆက်စ်ကို သွင်းဂိုးတွေပြန်ရလာတာက အံ့အားသင့်စရာမဟုတ်ဘဲ သူဟာ ပြိုင်ဘက်ဧရိယာထဲမှာ အန္တရာယ်ရှိတဲ့ တိုက်စစ်မှူးဖြစ်ပြီး နောက်ဆုံး ၂ ပွဲမှာ သွင်းယူခဲ့တဲ့ ၂ ဂိုးဟာလည်း အရေးပါတဲ့ သွင်းဂိုးတွေဖြစ်ကြောင်း နည်းပြ ကာရစ်က ပြောပါတယ်။
ဝက်စ်ဟမ်းနဲ့ သရေကျခဲ့တဲ့အပေါ်မှာတော့ စိတ်ပျက်မိပြီး အသင်းရဲ့ အကောင်းဆုံးပုံစံ မရရှိခဲ့ကြောင်း နည်းပြကာရစ်က ဝန်ခံသွားပါတယ်။


