
မန်ယူအသင်းသားတွေရဲ့ စိတ်ရှည်မှုနဲ့ စည်းစနစ်ကျမှုတွေကြောင့် အာဆင်နယ်လို အသင်းကောင်း တသင်းကို အနိုင်ရခဲ့တာဖြစ်ကြောင်း ယူနိုက်တက်ယာယီနည်းပြ မိုက်ကယ်ကာရစ်က ပြောပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့တပတ်က မန်စီးတီးကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့သလို အာဆင်နယ်နဲ့ပွဲမှာလည်း ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
အာဆင်နယ်နဲ့ပွဲစဉ်က မန်စီးတီးပွဲစဉ်နဲ့မတူဘဲ ကွဲပြားခြားနားပြီး မိမိတို့အသင်းကို မတူညီတဲ့ ဖိအားတွေနဲ့ ခြိမ်းခြောက်မှုပေးခဲ့ပြီး အသင်းသားတွေရဲ့ စိတ်ရှည်နိုင်မှုနဲ့ စည်းစနစ်ျှမှုတွေက အနိုင်ရလဒ် ရရှိစေခဲ့ကြောင်း ကာရစ်က ပြောပါတယ်။
အမြဲတမ်းနည်းပြ ဖြစ်လာဖို့ မျှော်လင့်ထားသလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ ကာရစ်က တိတိကျကျ မပြောခဲ့ဘဲ လက်ရှိအခြေအနေကိုပဲ အာရုံစိုက်ပြီး နောက်ပွဲတွေမှာ ရလဒ်ကောင်းမွန်ဖို့ ဆက်လက်ကြိုးပမ်းနေမှာဖြစ်ကြောင်း ပြောသွားပါတယ်။


