Home
အားကစား
ရာနှုန်းပြည့်နိုင်ပွဲနှင့်အတူ အာဆင်နယ်အသင်း ချန်ပီယံလိဂ် ၁၆ သင်းအဆင့် တက်ရောက်
DVB
·
January 21, 2026
Photo: REUTERS/Toby Melville

အာဆင်နယ်အသင်းဟာ ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ 

ဒီမနက်အစောပိုင်း အင်တာမီလန်နဲ့ အဝေးကွင်းပွဲစဉ် ကစားခဲ့ရပေမဲ့ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဂျေဆုက ၂ ဂိုး၊ လူစားဝင်တိုက်စစ်မှူး ယိုကရက်စ်က ၁ ဂိုးသွင်းယူခဲ့တာပါ။

အသင်းသမိုင်းတလျှောက် ချန်ပီယံလိဂ်ပြိုင်ပွဲ ၇ ပွဲဆက်တိုက် ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့တာဖြစ်ပြီး နောက်ဆုံးပွဲမှာ ရှုံးနိမ့်ခဲ့ရင်တောင် အဆင့် ၂ နေရာမှာ ရပ်တည်နိုင်မှာပါ။ 

ဒီပွဲမှာ ၂ ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူး ဂျေဆုက အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။

ဂျေဆုဟာ မယုံကြည်နိုင်စရာ ကစားသမားဖြစ်ပြီး ပွဲကြီးပွဲကောင်းတွေဆိုရင် ပိုပြီး သက်သောင့်သက်သာရှိတဲ့ ကစားသမားဖြစ်ကြောင်းနဲ့ သွင်းဂိုးတွေမှာတင်မဟုတ်ဘဲ တပွဲလုံး အကောင်းဆုံးကစားနိုင်ခဲ့ကြောင်း နည်းပြအာတေတာက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013