
ချဲလ်ဆီးနဲ့ပွဲကထက် ပိုကောင်းအောင် စွမ်းဆောင်နိုင်သေးကြောင်း အာဆင်နယ်တိုက်စစ်မှူး ဗစ်တာ ယိုကရက်စ်က ပြောသွားပါတယ်။
ဒီမနက်စောပိုင်းက ချဲလ်ဆီးကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လိဂ်ဖလားဆီမီးဖိုင်နယ် ပထမအကျော့မှာ ယိုကရက်စ်က တဂိုးသွင်း၊ တဂိုးဖန်တီးနိုင်ခဲ့ပြီး ဝေဖန်သူတွေကို တုံ့ပြန်နိုင်ခဲ့တာပါ။
အသင်းအတွက် ဒီလိုလုပ်ဆောင်ပြဖို့က လိုအပ်ပြီး အခုထက်ပိုကောင်းအောင် ကစားနိုင်စွမ်း ရှိသေးကြောင်း၊ ဒုတိယအကျော့ ကျန်သေးပေမဲ့ အဝေးကွင်းမှာ အနိုင်ရလဒ် ရရှိခဲ့တာက အားသာချက်ဖြစ်ကြောင်း ယိုကရက်စ်က ပွဲအပြီးမှာ ပြောသွားပါတယ်။
ဆွီဒင်တိုက်စစ်မှူးဟာ အဲဗာတန်နဲ့ပွဲမှာ ပင်နယ်တီသွင်းဂိုးနဲ့ ဂိုးပြန်လည်ရယူနိုင်ခဲ့ပြီးနောက်ပိုင်း ၄ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့တာပါ။


