
အသင်းနဲ့ ကာလရှည်စာချုပ်သစ် ချုပ်ဆိုတော့မဲ့ တောင်ပံကစားသမား ဆာကာဟာ အသင်းရဲ့လုပ်ခ အများဆုံး ကစားသမားဖြစ်လာတော့မယ်လို့ သိရပါတယ်။
အသက် ၂၄ နှစ်ရှိ အင်္ဂလန်တိုက်စစ်ကစားသမားဟာ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေပေမဲ့ အာဆင်နယ်ဘက်က ၂၀၃၁ ခုနှစ်အထိ ဆက်ရှိစေမဲ့ ၅ နှစ် စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီခဲ့တာပါ။
စာချုပ်သစ်အရ တပတ်လုပ်ခ ပေါင် ၃ သိန်းအထိ ရရှိမှာဖြစ်ပြီး လက်ရှိအသင်းမှာ တပတ်လုပ်ခ ပေါင် ၂၈,၀၀၀ နဲ့ အများဆုံးရရှိနေတဲ့ တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်ရဲ့ လုပ်ခထက် ကျော်လွန်သွားမှာပါ။
ဆာကာဟာ လက်ရှိအချိန်မှာ တပတ်လုပ်ခပေါင် ၂ သိန်းခန့်ရရှိနေပြီး စာချုပ်သစ်မှာ ပေါင် ၁ သိန်းခန့် လစာတိုးမြှင့်လာမှာ ဖြစ်ပါတယ်။
ဆာကာဟာ အသင်းရဲ့ လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာသူဖြစ်ပြီး ၂၀၁၈ ခုမှာ အသင်း ကြီးဆီရောက်လာခဲ့ပြီး လက်ရှိအချိန်အထိ စုစုပေါင်း သွင်းဂိုး ၈၀ ခန့် သွင်းယူထားပါတယ်။
Photo: Reuters


