
အာဆင်နယ်နဲ့ပွဲစဉ်မှာ လက်ရှိချန်ပီယံအသင်း တသင်းရဲ့ အရည်အချင်းနဲ့ ဂုဏ်သိက္ခာကိုပြသနိုင်ခဲ့ ကြောင်း လီဗာပူးကွင်းလယ်လူ ဆိုဘိုဆလိုင်းက ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တပွဲလုံးမှာ ဂိုးပေါက်တည့်တဲ့ ကန်ချက်မရှိခဲ့ပေမဲ့ အာဆင်နယ်ကို ဖိအားပေးကစားနိုင်ခဲ့တာပါ။
အာဆင်နယ်က အမှတ်ပေးဇယားထိပ်ဆုံးက အသင်းဖြစ်သလို အဲဒီလိုအသင်းရဲ့အိမ်ကွင်းမှာ လာကစားရတာက မလွယ်ကူကြောင်း၊ မယုံကြည်နိုင်စရာကောင်းတဲ့ အသင်းကောင်းနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ ချန်ပီယံအသင်းတသင်းရဲ့ အရည်အသွေးကိုပြသနိုင်ခဲ့ပြီး နောက်ထပ်ခြေ တလှမ်း လှမ်းနိုင်ခဲ့တာလို့ ဆိုဘိုဆလိုင်းက ပြောပါတယ်။
ပွဲပြီးခါနီးမှာ ဒဏ်ရာရသွားတဲ့ ဘရက်ဒ်လေကို မာတင်နယ်လီက ကွင်းဘေးကို တွန်းပို့ခဲ့တဲ့အပေါ် အနိုင်ယူချင်တဲ့ စိတ်ကို နားလည်နိုင်ပေမဲ့ ကစားသမားတယောက်ရဲ့ ဒဏ်ရာအခြေအနေက အားလုံးထက် ပိုပြီး အရေးပါတယ်ဆိုတာ သိရှိဖို့ လိုကြောင်း ဆိုဘိုဆလိုင်းက ပြောသွားပါတယ်။
Photo: Reuters


