
အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့ကို လိုက်မီဖို့ မဖြစ်နိုင်တော့ကြောင်း နည်းပြ အာနဲစလော့က ပြောပါတယ်။
မနေ့ညက ဖူဟမ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ် ၂၀ အပြီးမှာ လီဗာပူးအသင်းက ထိပ်ဆုံးက အာဆင်နယ်ထက် ၁၄ မှတ်အထိ ကွာနေပြီး မန်စီးတီးနဲ့လည်း ၈ မှတ် ကွာဟနေတာ ဖြစ်ပါတယ်။
ဖူဟမ်အသင်းနဲ့ ကစားရမဲ့ ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ လီဗာပူးအနေနဲ့ အာဆင်နယ်၊ မန်စီးတီးတို့နဲ့ အလွန်ဝေးကွာတဲ့နေရာ ရောက်ရှိနေတာကြောင့် လိုက်မီဖို့ မဖြစ်နိုင်တော့ကြောင်း နည်းပြစလော့က မှတ်ချက်ပေးသွားတာပါ။
လက်ရှိအချိန်မှာ အာဆင်နယ်နဲ့ မန်စီးတီးတို့ရဲ့ ရလဒ်တွေကို စောင့်ကြည့်သင့်တဲ့ အခြေအနေ မဟုတ်သေးကြောင်းနဲ့ ၇ ပွဲ ၈ ပွဲလောက် ရှုံးပွဲမရှိ ကစားနိုင်ခဲ့တဲ့တိုင် ချန်ပီယံဆုကို စိန်ခေါ်ဖို့ လုပ်ဆောင်နေတယ်လို့ မခေါ်ဆိုနိုင်ကြောင်း နည်းပြစလော့က ပြောပါတယ်။


