
ဆန်းဒါးလန်းနဲ့ ဂိုးမရှိသရေကျတဲ့ပွဲစဉ်မှာ ၆ ကိုက်စည်းအတွင်း အဆုံးသတ်ပိုင်းအားနည်းတာကို နည်းပြ ဂွါဒီယိုလာက ဝေဖန်ပြစ်တင်သွားပါတယ်။
မန်စီးတီးဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိပ်ပွဲစဉ်မှာ ဆန်းဒါးလန်းဘက်ကို ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ ဂိုးပေါက်ကန်သွင်းချက် ၁၄ ကြိမ်အထိရှိခဲ့ပြီး ဂိုးရနိုင်တဲ့အခြေအနေတွေလည်းရှိခဲ့တာပါ။
ဒါပေမဲ့ ၆ ကိုက်စည်းအတွင်းမှာ လွဲချော်ခဲ့တဲအခြေအနေက ခက်ခဲတဲ့အရာတွေမဟုတ်ပေမဲ့ ဂိုးအဖြစ် အသုံးမချနိုင်ခဲ့ကြောင်း၊ ၃ ရက်အတွင်းမှာ ချဲလ်ဆီးနဲ ပွဲကျပ်ရင်ဆိုင်ရဦးမှာဖြစ်လို့ ဒီပွဲကိုမေ့ပစ်ပြီး ဦးမော့ထားနိုင်ဖို့လိုအပ်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးဟာ ဒီပွဲမှာ ၂ မှတ်လျော့ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်က ဦးဆောင်နေတဲ့ အာဆင်နယ်နဲ့ ၄ မှတ်ကွာဟသွားပြီ ဖြစ်ပါတယ်။
Photo: Reuters


