
ဆန်းဒါလန်းနဲ့ပွဲစဉ်ဟာ ခက်ခဲနိုင်ပေမဲ့ အနိုင်ယူဖို့ အဆင်သင့်ရှိနေကြောင်း မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးဟာ ဆန်းဒါးလန်းနဲ့ပွဲစဉ်မတိုင်ခင် အာဆင်နယ်နဲ့ ၅ မှတ် ကွာဟနေပြီး အနိုင်ရလဒ် ရယူနိုင်မှသာ အမှတ်ကွာဟချက် လျှော့ချနိုင်မှာပါ။
ဆန်းဒါးလန်းအသင်း ပရီးမီးယားလိဂ် အဆင့် ၇ နေရာမှာ ရပ်တည်နေတာကို ကြည့်မယ်ဆိုရင် ဘယ်လောက်တောင့်တင်းတဲ့အသင်း ဖြစ်သလဲဆိုတာ သိသာထင်ရှားကြောင်း၊ အလွန်ခက်ခဲတဲ့ပွဲစဉ် ဖြစ်ပေမဲ့ တခြားတဖက်မှာလည်း မိမိတို့အသင်းက အနိုင်ယူဖို့ အဆင်သင့်ရှိနေကြောင်း နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
ဆန်းဒါလန်း အိမ်ကွင်းပရိသတ်တွေက မယုံကြည်နိုင်လောက်အောင် အားပေးမှု ကောင်းမွန်သလို နယူးကာဆယ်ကို အနိုင်ယူပြီး အာဆင်နယ်နဲ့ ဗီလာတို့ကိုလည်း မရှုံးအောင် ကစားနိုင်တဲ့အသင်း ဖြစ်ကြောင်း နည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။


