
နောက်ခံလူ ရူဘင်ဒီယက်ဇ်ရဲ့ ဦးဆောင်မှုစွမ်းရည်ကို နည်းပြဂွါဒီယိုလာက ချီးကျူးသွားပါတယ်။
ခရစ္စတယ်ပဲလေ့ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အပေါ် အသင်းရဲ့ခံစစ်ကို နည်းပြဂွါဒီယိုလာက ချီးကျူးခဲ့သလို အသင်းခေါင်းဆောင် ဒီယက်ဇ်ရဲ့ ဦးဆောင်နိုင်မှုအပေါ်မှာလည်း ချီးကျူးသွားခဲ့တာပါ။
ပဲလေ့စ်အသင်းက ကစားရတာ အလွန်ခက်ခဲတဲ့အသင်းဖြစ်ပြီး ပွဲမတိုင်ခင်ကတည်းက သေချာလေ့ကျင့် ပြင်ဆင်ခဲ့ရကြောင်း၊ နောက်ခံအစွန်လူတွေရဲ့ ကစားပုံနဲ့ ရူဘင်ဒီယက်ဇ်ရဲ့ ဦးဆောင်နိုင်စွမ်းက ကျေနပ်စရာလို့ ဆိုပါတယ်။
ရူဘင် ဟာ စွမ်းဆောင်ရည်ကောင်းကို အမြဲတမ်းထိန်းထားနိုင်သလို ဒဏ်ရာပြဿနာလည်း မရှိအောင် ကစားနိုင်သူဖြစ်ကြောင်း နည်းပြ ဂွါဒီယိုလာက ချီးကျူးပါတယ်။
ဒါ့အပြင် ဂျိုစ်ကိုဂဗာဒီယိုဟာ ဘောလုံးနဲ့ရော၊ ဘောလုံးမရှိချိန်မှာပါ အမှားအယွင်းမရှိ ကစားခဲ့ပြီး ထိပ်တန်းခြေစွမ်းကို ဆက်လက်ပြသနိုင်ခဲ့ကြောင်း နည်းပြဂွါဒီယိုလာက ချီးကျူးသွားပါတယ်။


