
မန်စီးတီးအသင်းအနေနဲ့ အခုနှစ်ဥရောပချန်ပီယံလိဂ်ဆုဖလားရယူနိုင်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ နည်းပြဂွါဒီယိုလာက ပြောပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်အပြီးမှာ ပြောသွားတာဖြစ်ပြီး ရီးရဲလိုအသင်းကို အနိုင်ရခဲ့တဲ့တိုင် တိုးတက်ဖို့လိုအပ်နေသေးတဲ့ နေရာတွေရှိနေဆဲဖြစ်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
အသင်းရဲ့ကစားသမား ၄-၅ ယောက်လောက်က ရီးရဲလ်မက်ဒရစ်ကွင်းမှာ ပထမဆုံးအကြိမ် ကစားဖူးကြသူတွေဖြစ်ပြီး လာမဲ့ဖေဖော်ဝါရီလလောက်မှာ ပိုကောင်းတဲ့ခြေစွမ်းရရှိနိုင်ပေမဲ့ ချန်ပီယံဆုဖလားထက် ထိပ်ဆုံး ၈ သင်းစာရင်းမှာ ပါဝင်နိုင်ဖို့က ပထမဦးစားပေးဖြစ်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
Opta ကွန်ပြူတာရဲ့ တွက်ချက်မှုအရ မန်စီးတီးက ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်ဖို့ ၁၀ ဒသမ ၃ ရာခိုင်နှုန်းသတ်မှတ်ခံထားရပါတယ်။
Photo:Reuters


