
မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာ ပရီးမီးယားလိဂ် သမိုင်းတလျှောက် သွင်းဂိုး ၁၀၀ အမြန်ဆုံး သွင်းယူနိုင်သူအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
ဖူဟမ်ကို ၅ ဂိုး ၄ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ အနိုင်ဂိုးတဂိုး သွင်းခဲ့တဲ့ ဟာလန်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၁၁ ပွဲမှာပဲ သွင်းဂိုး ၁၀၀ ပြည့်ခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်သမိုင်းမှာ နယူးကာဆယ် တိုက်စစ်မှူးဟောင်း အလန်ရှီးယားက ပွဲစဉ် ၁၂၄ ပွဲရောက်မှ ဂိုး ၁၀၀ ပြည့်ခဲ့တာဖြစ်ပြီး အွန်နရီ၊ အဂွဲရိုးနဲ့ ဆာလာတို့ရဲ့ မှတ်တမ်းတွေကိုလည်း ဟာလန်းက ကျော်ဖြတ်နိုင်ခဲ့တာပါ။
ဟာလန်းဟာ ၂၀၂၂ ခုနှစ်က ဒေါ့မွန်ကနေ မန်စီးတီးဆီ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဂိုးသွင်းစံချိန် အများအပြားကို မှတ်တမ်းစိုက်ထူနိုင်ခဲ့သူဖြစ်ကာ လက်ရှိရာသီမှာလည်း သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးအများဆုံး ကစားသမားအဖြစ် ဦးဆောင်နေပါတယ်။


