
မန်စီးတီးအသင်းဟာ နည်းပြဂွါဒီယိုလာအလွန်မှာ ချဲလ်ဆီးနည်းပြ မာရက်စ်ကို ဆက်ခံသူအဖြစ် တာဝန်ပေးဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။
စပိန်နည်းပြ ဂွါဒီယိုလာဟာ အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး မကြာတော့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်ထားသူပါ။
ဂွါဒီယိုလာ ထွက်ခွာချိန်မှာ ချဲလ်ဆီးနည်းပြ မာရက်စ်ကာနဲ့ အစားထိုးဖို့ မန်စီးတီးအသင်းက ကြိုတင်ရည်မှန်းထားကြောင်း သတင်းထွက်ပေါ်လာခဲ့တာပါ။
မာရက်စ်ကာဟာ ၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၁ ခုနှစ်အထိ မန်စီးတီး ယူ-၂၁နဲ့ ယူ-၂၃ အသင်းတွေကို တာဝန်ယူခဲ့ဖူးပြီး နည်းပြဂွါဒီယိုလာနဲ့လည်း ကစားသမားဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေမှာ ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
အီတလီနည်းပြဟာ မန်စီးတီးကနေ ထွက်ခွာပြီးနောက် စီးရီအေကလပ် ပါးမားကို တာဝန်ယူခဲ့ပြီး လက်စတာအသင်းဆီ ပြောင်းရွှေ့ကာ ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့်ရဖို့ စွမ်းဆောင်နိုင်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၄ ခုနှစ်ဇွန်လက ချဲလ်ဆီးအသင်းကို တာဝန်ယူခဲ့ပြီး ဖီဖာကလပ် ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။


