
ကစားသမားတွေအတွက် လုပ်ခအများဆုံးပေးချေရတဲ့အသင်းစာရင်းမှာ မန်စီးတီးအသင်းက ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။
အခုနှစ်ရာသီမှာ ဒီဘရိုင်း၊ ဂရေးလစ်ရှ်၊ အကန်ဂျီ၊ ကိုင်ဝေါ်ကာနဲ့ ဂွမ်ဒိုဂမ်တို့လို လုပ်ခများပြားတဲ့ စီနီယာကစားသမားတချို့နဲ့ လမ်းခွဲခဲ့ပေမဲ့ မန်စီးတီးရဲ့လုပ်ခပေးချေရမှုက ထိပ်ဆုံးမှာဆက်လက် ရှိခဲ့တာပါ။
ကစားသမားသစ်တွေထဲက ရွိင်ယန်ချာကီ၊ အိုမာမာမွတ်ရှ်နဲ့ ရိုင်ဒါစ် တို့လိုကစားသမားတွေအတွက် မြင့်မားတဲ့လုပ်ခ ဆက်လက်ပေးချေခဲ့ရတာကြောင့် စီးတီးရဲ့တနှစ်စာ လုပ်ခပေးချေရမူက ပေါင် ၄၀၈ သန်းအထိ ရှိပါတယ်။
မနှစ်ကရာသီက ပေါင် ၄၁၂ သန်းပေးချေရတာနဲ့ စာရင် လျော့နည်းသွားတာဖြစ်ပေမဲ့ လုပ်ခအများဆုံးပေး ချေရတဲ့စာရင်းမှာတော့ ထိပ်ဆုံးမှာပဲ ဆက်ရှိနိုင်ကြောင်းသုံးသပ်ကြပါတယ်။
လုပ်ခအများဆုံးစာရင်းကို လာမဲ့ ဇန်နဝါရီလောက်မှ သိရနိုင်ပေမဲ့ မန်စီးတီးရဲ့နောက်မှာ လီဗာပူး၊ ချဲလ်ဆီး၊ အာဆင်နယ်နဲ့ မန်ယူအသင်းတို ကအစဉ်လိုက်ရပ်တည်သွားဖိုရှိတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
Photo: Reuters


