
ရှုံးပွဲက နာကျင်မှုတွေကို အသုံးချပြီး ရှေ့ဆက်သွားရမှာဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာတေတာ ကပြောပါတယ်။
အာဆင်နယ်အသင်းဟာ မနေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဗီလာအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့စွမ်းဆောင်ရည်အပေါ် နည်းပြ အာတေတာက ကျေနပ်မှုမရှိခဲ့ဘဲ ရှုံးပွဲက နာကျင်မှုတွေကို အသုံးချပြီး ရှေ့ဆက်ရမဲ့အကြောင်း ပြောသွားတာပါ။
ကစားသမားတွေရဲ့ တဦးချင်းစွမ်းဆောင်ရည်က လုံလောက်တဲ့ အခြေအနေအထိ မရောက်ခဲ့ဘဲ ပွဲကို စိုးမိုးထိန်းချုပ်နိုင်မှုလည်းမရှိခဲ့ကြောင်း နည်းပြက ပြောပါတယ်။
ဒါပေမဲ့ ပွဲစဉ် ၁၅ အထိ အသင်းသားတွေရဲ့ မိမိခြေစွမ်းကောင်းကို စဉ်ဆက်မပြတ် ထိန်းထားနိုင်ခဲ့တာက မယုံကြည်နိုင်စရာကောင်းပြီး နာကျင်မှုတွေကို အသုံးချပြီး ရှေ့ဆက်ရမှာဖြစ်ကြောင်း နည်းပြအာတေတာက ပြောပါတယ်။
အာဆင်နယ်ဟာ ဒီပွဲအရှုံးကြောင့် ပြိုင်ပွဲစုံ ၁၈ ပွဲ ရှုံးပွဲမရှိရလဒ် ရပ်တန့်သွားခဲ့ပြီး ဒုတိယနေရာက မန်စီးတီးနဲ့လည်း ၂ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။


