
အာဆင်နယ်လက်ထောက်နည်းပြသစ်ဟိန့်ဇီက အသင်းရဲ့ခံစစ်ကစားပုံ ကောင်းမွန်အောင် အများကြီး ကူညီပေးကြောင်း နောက်ခံလူ ဝီလီယံဆာလီဘာက ပြောပါတယ်။
အာဂျင်တီးနားနောက်ခံလူဟောင်းဟာ ကစားသမားဘဝက မန်ယူ၊ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့လို ထိပ်တန်းအသင်းတွေမှာ ကစားခဲ့ပြီး အာဆင်နယ်က လက်ထောက်နည်းပြ တယောက် လိုအပ်လာချိန်မှာ ပရီးမီးယားလိဂ်ဆီပြန်လာခဲ့တာပါ။
အခုနှစ်ရာသီမှာ အာဆင်နယ်အသင်းက ပွဲစဉ် ၁၄ ပွဲမှာ ၇ ဂိုးသာ ဂိုးပေးထားရပြီး နောက်ခံလူဟောင်း နည်းပြဟိန့်ဇီရဲ့ ပံ့ပိုးကူညီမူတွေက အရေးပါကြောင်း ဆာလီဘာက ချီးကျူးခဲ့တာပါ။
ဟိန့်ဇီဟာ လေ့ကျင့်ရေးကွင်းမှာတောင် ကစားသမားတွေကို အမြဲတမ်းအော်ဟစ်ပြီး ညွှန်ကြားလေ့ရှိသူဖြစ်ပြီး သူ့ရဲ့ညွှန်ကြားမှုတွေက အသင်းအပေါ် စွမ်းအားဖြစ်စေကြောင်း၊ ကစားသမားတွေနဲ့လည်း အပြန်အလှန် ဆွေးနွေးပြောဆိုလေ့ရှိတာကြောင့် အသင်းရဲ့ ခံစစ်ကစားပုံအပေါ် အများကြီးအကူအညီဖြစ် စေကြောင်း ဆာလီဘာက ပြောသွားပါတယ်။
Photo: Reuters


