
ဘရန့်ဖို့ဒ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဒုတိယနေရာက မန်စီးတီးကို ၅ မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။
ဆာကာ၊ အက်ဇေးနဲ့ တင်းဘားတို့ကို အရန်ခုံမှာထားခဲ့တဲ့ အာဆင်နယ်ဟာ ဒဏ်ရာကနေ ပြန်ကောင်းလာတဲ့ အသင်းခေါင်းဆောင် အိုဒီဂတ်နဲ့အတူ မာဒူအက်ကေ၊ ဘန်ဝှိုက်တို့ကို ပွဲထွက်ကစားစေခဲ့တာပါ။
ပွဲအစ ၁၁ မိနစ်မှာပဲ မယ်ရီနိုက ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပြီး ဒုတိယပိုင်းပြီးခါနီးမှာ လူစားဝင်ကစားသမား ဆာကာက ဒုတိယအနိုင်ဂိုး သွင်းယူခဲ့တာပါ။
တခြားပွဲစဉ်တွေမှာ ချဲလ်ဆီးအသင်းက လိဒ်ယူနိုက်တက်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး အဆင့် ၄ နေရာ ကျဆင်းသွားပြီး လီဗာပူးအသင်းကလည်း ဆန်းဒါးလန်းနဲ့ အိမ်ကွင်းမှာ တဂိုးစီ သရေကျခဲ့ပါတယ်။
ဘရိုက်တန်ကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အက်စ်တန်ဗီလာက အဆင့် ၃ နေရာ တက်လှမ်းလာခဲ့ပြီး အဆင့် ၂ က မန်စီးတီးနဲ့ တမှတ်သာ ကွာဟတော့တာပါ။
ဦးဆောင်သူ အာဆင်နယ်ဟာ လာမဲ့ ဒီဇင်ဘာ ၆ ရက်မှာ အဆင့် ၃ နေရာက ဗီလာနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။


