
ပွဲကျပ်မှုနဲ့ ဒဏ်ရာပြဿနာတွေက ချဲလ်ဆီးနဲ့ပွဲအပေါ် အခက်အခဲဖြစ်စေခဲ့ကြောင်း နည်းပြ အာတေတာက ပြောပါတယ်။
အာဆင်နယ်ဟာ တပတ်အတွင်း မြောက်လန်ဒန်ဒါဘီအဖြစ် စပါးအသင်းနဲ့ ကစားအပြီးမှာ ဘိုင်ယန်မြူးနစ်နဲ့ ယှဉ်ပြိုင်ခဲ့ရသလို ချဲလ်ဆီးအသင်းနဲ့လည်း ရင်ဆိုင်ခဲ့ရတာပါ။
အခုရက်သတ္တပတ်က စိန်ခေါ်မှုတွေရှိတဲ့ ရက်သတ္တပတ်ဖြစ်ပြီး ဗဟိုခံစစ်မှာ တခါမှ တွဲကစားဖူးခြင်း မရှိသေးတဲ့ ကစားသမား ၂ ယောက်ကို တပြိုင်နက် အသုံးပြုခဲ့ရကြောင်း နည်းပြအာတေတာက ပြောပါတယ်။
ဒါ့အပြင် အသင်းခေါင်းဆောင် အိုဒီဂတ် ပွဲမထွက်နိုင်သလို နံပါတ် ၉ တိုက်စစ်မှူး ယိုကရက်စ် အပါအဝင် ကိုင်ဟာဗက်ဇ်နဲ့ ထရော့ဆက်တို့လို ကစားသမားတွေ မပါဝင်နိုင်တာကလည်း အခက်အခဲရှိခဲ့ကြောင်း နည်းပြအာတေတာက ပြောပါတယ်။
ချဲလ်ဆီးနဲ့ပွဲမှာ တယောက်အသာနဲ့ ကစားခဲ့တာကြောင့် နိုင်ပွဲရသင့်တာမှန်ပေမဲ့ မလုပ်ဆောင်နိုင်ခဲ့ကြောင်းနဲ့ ဒီအခြေအနေကနေ သင်ခန်းစာယူသွားရမှာဖြစ်ကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။


