
နိုဝင်ဘာ ၃၇ ရက် ဒီနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ဥရောပ ချန်ပီယံလိဂ် ပွဲစဉ်မှာ အာဆင်နယ်အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး ချန်ပီယံလိဂ်ဇယားမှာ အမှတ်အများဆုံးနဲ့ ဦးဆောင်နေပါတယ်။
အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးတွေကို တင်းဘာက ၂၂ မိနစ်၊ မာဒူကေးက ၆၉ မိနစ်နဲ့ မာတင်နယ်လီက ၇၇ မိနစ်တို့မှာ အသီးသီးသွင်းယူခဲ့ကြတာပါ။
ဘိုင်ယန်မြူးနစ်အသင်းအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ကားလ်က ၃၂ မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲဟာ ချန်ပီယံလိဂ်မှာ အာဆင်နယ်ရဲ့ ၅ ပွဲဆက်နိုင်ပွဲဖြစ်ပြီး အမှတ်ပေးဇယားထိပ်မှာ ရမှတ် ၁၅ မှတ်နဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။
Photo:Reuters


