
အာဆင်နယ်နည်းပြ အာတေတာ အနေနဲ့ အခုနှစ်ရာသီမှာ ဆုဖလားတလုံး သေချာပေါက် ရယူနိုင်ဖို့ လိုအပ်ကြောင်း အသင်းဂန္ထဝင်နောက်ခံလူ ဆိုးလ်ကမ်းဘဲလ်က သုံးသပ်သွားပါတယ်။
အခုနှစ်ရာသီဟာ နည်းပြအာတေတာနဲ့ အာဆင်နယ်အသင်းအတွက် ဆုဖလားရယူဖို့ အကောင်းဆုံးရာသီဖြစ်ပြီး လာမယ့်နှစ်မှာဆိုရင် လီဗာပူး၊ မန်ယူ၊ စပါးနဲ့ မန်စီးတီးတို့က ပိုကောင်းလာမှာဖြစ်ကြောင်း ဆိုးလ်ကမ်းဘဲလ်က ပြောပါတယ်။
အာဆင်နယ်အနေနဲ့ နိုင်ပွဲတွေနဲ့ အရှိန်အဟုန်ကောင်းတွေကို ဆက်လက်ယူဆောင်နိုင်ဖို့ လိုအပ်ကြောင်းလည်း ဆိုးလ်ကမ်းဘဲလ်က ပြောပါတယ်။
အာဆင်နယ်ဟာ နိုဝင်ဘာ ၂၃ ရက် မနေ့ညက စပါးအသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ် ကစားခဲ့တာမှာ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
နည်းပြအာတေတာရဲ့ အာဆင်နယ်အသင်းဟာ လီဗာပူးနဲ့ မန်စီးတီးတို့ ရှုံးပွဲတွေ့ချိန်မှာ အခွင့်အရေးကောင်း ရယူနိုင်ခဲ့ပြီး ရမှတ် ၂၉ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေပါတယ်။


