
အာဆင်နယ် နောက်ခံလူ ဂါဘရီယယ် ဟာ ပေါင်ခြံဒဏ်ရာကြောင် ၂ လလောက် အနားယူရနိုင်တယ်လို့ သိရပါတယ်။
ဘရာဇီးက ဆီနီဂေါကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ခြေစမ်းပွဲမှာ ဂါဘရီယယ်က ပေါင်ခြံဒဏ်ရာရခဲ့ပြီး အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ရတာပါ။
ဂါဘရီယယ်ရဲ့ ဒဏ်ရာအခြေအနေအပေါ် နည်းပြ အန်စလော့တီက တိတိကျကျ မပြောနိုင်ခဲ့ပေမဲ့ ပေါင်ခြံဒဏ်ရာရခဲ့တဲ့အပေါ် စိတ်ပျက်မိပြီး အမြန်ဆုံး ပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။
ဂါဘရီယယ်ဟာ အာဆင်နယ်အသင်းမှာ ဆေးစစ်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး လာမယ့် ဇန်နဝါရီလအထိ ကစားနိုင်မှာမဟုတ်ဘဲ ၂ လလောက် အနားယူရနိုင်ကြောင်း ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။
ဘရာဇီး နောက်ခံလူဟာ အခုနှစ်ရာသီ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ်တိုင်းမှာ ပွဲထွက်ကစားခဲ့သူ ဖြစ်ပါတယ်။


