
နောက်ခံလူ ဂါဘရီယယ်ရဲ့ ဒဏ်ရာပြင်းထန်မှာကို အာဆင်နယ်အသင်းက စိုးရိမ်နေပါတယ်။
ဘရာဇီးနောက်ခံလူဟာ ဆီနီဂေါကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အီမရိတ်ကွင်းက ခြေစမ်းပွဲမှာ ပေါင်ခြံဒဏ်ရာရခဲ့တာကြောင့် ပွဲချိန် ၆၄ မိနစ်မှာ လူစားလဲခံခဲ့ရသူပါ။
ပွဲအပြီးမှာပဲ အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ပေမဲ့ ဒဏ်ရာအခြေအနေပြင်းထန်မှာကို အာဆင်နယ်အသင်းဘက်က စိုးရိမ်နေတာပါ။
အာဆင်နယ်ဟာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ စပါး၊ ဘိုင်ယန်၊ ချဲလ်ဆီး အသင်းတွေနဲ့ ပွဲကျပ်ရင်ဆိုင်ရာမှာဖြစ်ပြီး အမာခံနောက်ခံလူ ဂါဘရီယယ်ကို လက်လွှတ်ရမယ်ဆိုရင် အားနည်းမှုတွေ ရှိလာနိုင်ကြောင်း မီဒီယာတွေက သုံးသပ်ကြပါတယ်။
ဘရာဇီးအသင်းဟာ ဆီနီဂေါနဲ့ ခြေစမ်းပွဲကို အာဆင်နယ်ရဲ့အိမ်ကွင်း အီမရိတ်မှာ ကစားခဲ့ပြီး အာဆင်နယ်ကွင်းကို အိမ်ကွင်းအဖြစ် ၉ ကြိမ်မြောက် အသုံးပြုသွားခဲ့တာ ဖြစ်ပါတယ်။


