
အောက်တိုဘာလအတွက် ပရီးမီးယားလိဂ်တလတာအကောင်းဆုံးနည်းပြဆုကို မန်ယူနိုက်တက် နည်းပြအာမိုရင်ရရှိသွားတဲ့အပေါ် အာဆင်နယ်ပရိသတ်တွေက မကျေမနပ် ဝေဖန်နေကြပါတယ်။
အောက်တိုဘာလအတွင်းမှာ မန်ယူနိုက်တက်က ပရီးမီးယားလိဂ် ၃ ပွဲကစားခဲ့ပြီး ၃ ပွဲစလုံး အနိုင်ရရှိခဲ့သလို အာဆင်နယ်အသင်းကလည်း ပရီးမီးယားလိဂ် ၃ ပွဲစလုံးကို ပေးဂိုးမရှိဘဲ အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်နဲ့ ကရာဘောင် ဖလားပွဲတွေမှာလည်း ပေးဂိုးမရှိဘဲ ရာနှုန်းပြည့်နိုင်ပွဲ ရရှိခဲ့တာပါ။
ပွဲတိုင်းအနိုင်ရပြီး ပေးဂိုးမရှိသလို ဂိုးပေါက်တည့်တဲ့ ကန်ချက်တောင်မရှိသလောက်ဖြစ်ခဲ့တဲ့ အသင်းနည်းပြကို ကျော်လွန်ပြီး နည်းပြ အာမိုရင်ဆုရသွားတာက ရယ်စရာကောင်းကြောင်း အာဆင်နယ်ပရိသတ်တယောက်က ပြောပါတယ်။
နောက်ထပ် အာဆင်နယ်ပရိသတ်တယောက်ကတော့ သူဟာ နည်းပြအာမိုရင်အပေါ် မျှတမှုမရှိတာ တွေကို အမြဲတမ်းဝေဖန်ခဲ့ပြီး ဒီတကြိမ်မှာတော့ အကောင်းဆုံးဆုက နည်းပြအာတေတာနဲ့ပိုပြီး ထိုက်တန်ကြောင်း ဆိုရှယ်မီဒီယာမှာ မှတ်ချက်ပေးခဲ့ပါတယ်။
တခြားအာဆင်နယ်ပရိသတ်တယောက်ကတော့ အာတေတာဟာ ပတ်ဂွါဒီယိုလာလို အဖြစ်မျိုး ကြုံတွေ့နေရတာဖြစ်ပြီး အမြဲတမ်းကောင်းမွန်နေတဲ့အချက်က တခါတလေမှာ ရလဒ်ကောင်းရပြီး အံ့အားသင့်စရာလုပ်ပြခဲ့တဲ့ အာမိုရင်ကို မယှဉ်နိုင်ခဲ့တာလို့ ပြောပါတယ်။ အကောင်းဆုံးက စားသမားဆုကိုလည်း မန်ယူနိုက်တက် တိုက်စစ်ကစားသမား အမ်ဘူမိုက ရရှိခဲ့ပါတယ်။
Photo:Reuters


