
မီခေးလ်မာရီနို လို စွယ်စုံရတဲ့ ကစားသမားရှိတာက ကျေနပ်စရာကောင်းတယ်လို့ နည်းပြ အာတေတာက ပြောသွားပါတယ်။
စပိန်ကွင်းလယ်ကစားသမားဟာ ဆလားဗီးယားပရပ်ခ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာရနေတဲ့ တိုက်စစ်မှူး ဗစ်တာယိုကရက်စ်ရဲ့နေရာမှာ ပွဲထွက်ကစားခဲ့ပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့သူပါ။
စိတ်ပိုင်းဆိုင်ရာကောင်းမွန်မှုနဲ့ ဦးဆောင်နိုင်စွမ်းတွေရှိတဲ့ မယ်ရီနိုလို ကစားသမားပိုင်ဆိုင် ထားတာက နှစ်သက်စရာကောင်းပြီး ချိန်သားကိုက်မှုနဲ့အတူ ထိချက်တချက်တည်းနဲ့ အဆုံးသတ်ဂိုး သွင်းနိုင်တဲ့ စွမ်းဆောင်ရည်လည်း အလွန်ကောင်းမွန်သူဖြစ်ကြောင်း နည်းပြ အာတေတာက ချီးကျူးပါတယ်။
မယ်ရီနိုဟာ စပိန်လက်ရွေးစင်အသင်းမှာလည်း သွင်းဂိုးတွေ မကြာခဏသွင်းယူနိုင်သူဖြစ်ပြီး ဘူရေးရီးယားနဲ့ ပွဲမှာ ၂ ဂိုး၊ တူရကီနဲ့ပွဲမှာ ဟတ်ထရစ် ၃ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။
Photo:Reuters


