
အာဆင်နယ်အသင်းဟာ ချန်ပီယံဆုဖလားရယူဖို့အတွက် အားနည်းချက် မရှိကြောင်း ဂန္ထဝင်တိုက် စစ်မှူး အလန်ရှီးယားက ချီးကျူးသွားပါတယ်။
ပရီးမီးယားလိဂ်သမိုင်းရဲ့ ဂိုးအများဆုံးတိုက်စစ်မှူးအဖြစ် စံချိန်တင်ထားသူ အလန်ရှီးယားဟာ ဘန်လေနဲ့ပွဲက အာဆင်နယ်အသင်းရဲ့ ကစားပုံကို ချီးကျူးခဲ့ပြီး အားနည်းချက် မတွေ့ကြောင်း ပြောသွားတာပါ။
တည်ကန်ဘောကနေ ဂိုးထပ်သွင်းခဲ့ပေမဲ့ စွမ်းဆောင်ရည်ကောင်းမွန်မှုထက် ပိုကောင်းတဲ့ အရာတွေလည်းရှိကြောင်း အလန်ရှီးယားက ပြောပါတယ်။
နောက်ခံအစွန်လူတွေဖြစ်ကြတဲ့ ကလာဖီအိုရီနဲ့ ယူူရီယန်တင်းဘား တိုကို ကွင်းလယ်နေရာထားကာ တိုက်စစ်လိုက်ပါစေတဲ့အပြင် တည်ကန်ဘောတွေမှာလည်း ရှေ့တက်ပြီးအခွင့်အရေးရယူစေတဲ့ အသုံးပြုတာကို သဘောကျကြောင်း အလန်ရှီးယားက ပြောပါတယ်။
အာဆင်နယ်ဟာ ပြိုင်ပွဲစုံ ၇ ပွဲ ဆက်တိုက် အနိုင်ရထားသလို ပေးဂိုးလည်း မရှိဘဲ အကောင်းဆုံး ခြေစွမ်းပြသနေတာဖြစ်ပြီး ချန်ပီယံဆု ရယူမယ့်အသင်းအဖြစ် အလန်ရှီးယားက ခန့်မှန်းထားတာ ဖြစ်ပါတယ်။




