
လီဗာပူးအသင်းအနေနဲ့ အခုတပတ်မှာကစားမယ့် အက်စ်တန်ဗီလာနဲ့ပွဲစဉ်မှာ ရှုံးပွဲတွေ့ခဲ့မယ်ဆိုရင် ချန်ပီယံဆု ရယူနိုင်တော့မှာမဟုတ်ကြောင်း အလန်ရှီးယားက သုံးသပ်သွားပါတယ်။
လက်ရှိချန်ပီယံ လီဗာပူးဟာ ပရီးမီးယားလိဂ်မှာနောက်ဆုံး ၄ ပွဲဆက်တိုက်ရှုံးနိမ့်ထားတာကြောင့် ဗီလာနဲ့ပွဲမှာ ရှုံးပွဲထပ်တွေ့ခဲ့မယ်ဆိုရင် ချန်ပီယံပြေးလမ်းကနေ ထွက်ခွါသွားရမှာဖြစ်ကြောင်း အလန်ရှီးယားက ပြောပါတယ်။
နိုင်ပွဲပြန်လည်ရယူနိုင်မယ်ဆိုရင်တော့ ယုံကြည်မှုပြန်လည်တည်ဆောက်နိုင်မှာဖြစ်ပြီး ချန်ပီယံပြေးလမ်းမှာ ဆက်ရှိနေမှာဖြစ်ကြောင်း အလန်ရှီးယားက ပြောပါတယ်။
လီဗာပူးအသင်းဟာ ပွဲစဉ် ၉ ပွဲအပြီးမှာ အမှတ်ပေးဇယား အဆင့် ၁ က အာဆင်နယ်နဲ့ ၇ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။
Photo:Reuters




