
လီဗာပူးအသင်း အခက်ခဲဆုံးအချိန် ရောက်ရှိနေပြီလို့ နောက်ခံလူဟောင်း ဂျေမီကာရေဂါက သုံးသပ်သွားပါတယ်။
ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးအသင်းရဲ့ အခြေအနေက အခက်အခဲဆုံးအချိန် ရောက်နေပြီး ကပ်ရောဂါတခုလို ဆိုးရွားတဲ့အခြေအနေ ဖြစ်တယ်လို့ ကာရေဂါက သုံးသပ်ခဲ့တာပါ။
အသင်းသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုဟာလည်း လုံလောက်တဲ့ အဆင့်အတန်းမရှိကြောင်း၊ လက်ရှိချန်ပီယံအသင်းဖြစ်သလို ငွေကြေးအများဆုံး အသုံးပြုထားတဲ့ အသင်းတသင်းအနေနဲ့ ၄ ပွဲဆက် ရှုံးနိမ့်ခဲ့တာဟာ နည်းပြအဖွဲ့နဲ့ ကစားသမားတွေကို မေးခွန်းထုတ်စရာ ဖြစ်ကြောင်း ကာရေဂါက ပြောပါတယ်။
လီဗာပူးအသင်းဟာ ခရစ္စတယ်ပဲလေ့၊ ချဲလ်ဆီး၊ မန်ယူနဲ့ ဘရန့်ဖို့ဒ် အသင်းတွေကို ဆက်တိုက် ရှုံးနိမ့်ခဲ့တာကြောင့် အဆင့် ၇ နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။


