
ဖရန့်ဖတ်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ တကိုယ်ကောင်းဆန်တဲ့ အပြုအမူ လုပ်ဆောင်ခဲ့တဲ့ မိုဆာလာကို လီဗာပူးပရိသတ်တွေက ဝေဖန်ကြပါတယ်။
ဆာလာဟာ မန်ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာကတည်းက အသင်းဖော် အစ်ဆက်ခ်နဲ့ ဗက်ဇ်ကို ဘောလုံးမပေးဘဲ ကိုယ်တိုင်ဂိုးကန်သွင်းခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ရှိခဲ့တာပါ။
ဖရန့်ဖတ်နဲ့ပွဲစဉ် ပွဲချိန် ၇၄ မိနစ်မှာ ဗက်ဇ်ဆီ ဘောလုံးပေးလိုက်မယ်ဆိုရင် ရာနှုန်းပြည့်နီးပါး ဂိုးရဖို့ရှိပြီး အသင်းဖော် ဗက်ဇ်အတွက်လည်း ပထမဆုံးသွင်းဂိုး ဖြစ်လာမှာဖြစ်ပေမဲ့ မိုဆာလာက ကိုယ်တိုင်ကန်သွင်းပြီး ဂိုးသွင်းခွင့်ကို ဖြုန်းတီးခဲ့တာပါ။
အဲဒီအပေါ် လီဗာပူးပရိသတ်တွေက ဝေဖန်ခဲ့ကြပြီး မိုဆာလာအနေနဲ့ တကိုယ်ကောင်းဆန်မှုတွေ ထပ်မံလုပ်ဆောင်မယ်ဆိုရင် ပွဲထွက်ခွင့် မပေးသင့်တော့ကြောင်း ပရိသတ်တယောက်က မှတ်ချက်ပေးသွားပါတယ်။


