
နည်းပြကြီး ဖာဂူဆန် အနားယူချိန်မှာ မန်ယူအသင်းရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့တဲ့ အကြောင်းရင်းကို နည်းပြယာဂန်ကလော့ပ်က ပြန်လည်ရှင်းလင်းသွားပါတယ်။
မန်ယူအသင်းဟာ နည်းပြဖာဂူဆန်နဲ့ ၂၀၁၃ ခုနှစ်က လမ်းခွဲခဲ့ပြီးနောက် ဒေးဗစ်မိုယက်စ်ကို မခန့်အပ်ခင်မှာ အဲဒီအချိန်က ဒေါ့မွန်အသင်းကို တာဝန်ယူနေတဲ့ ယာဂန်ကလော့ပ်ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာပါ။
ဆာအဲလက်စ်ဖာဂူဆန် အနားယူပြီးနောက် ယူနိုက်တက်အသင်းက မိမိကို ခန့်အပ်ဖို့ ကမ်းလှမ်းခဲ့ပြီး မိမိဘက်ကလည်း စိတ်ဝင်စားခဲ့ပေမဲ့ ဒေါ့မွန်အသင်းမှာ အကောင်းဆုံးဦးဆောင်နေတဲ့အချိန် ဖြစ်တာကြောင့် ငြင်းဆိုခဲ့တာလို့ နည်းပြ ကလော့ပ်က ပြောပါတယ်။
အဲဒီအချိန်က ယူနိုက်တက်ရဲ့ ကမ်းလှမ်းချက်က မိမိအတွက် အချိန်ကောင်း မဟုတ်ခဲ့ဘဲ ဒေါ့မွန်နဲ့လည်း စာချုပ်သက်တမ်းကျန်ရှိနေတာက ငြင်းဆိုခဲ့တဲ့ အချက်တချက် ဖြစ်ကြောင်း နည်းပြကလော့ပ်က ပြောသွားပါတယ်။
ကလော့ပ်ဟာ ၂၀၁၅ ခုနှစ်မှာတော့ လီဗာပူးနည်းပြ ဖြစ်လာပြီး အသင်းနဲ့အတူ ဆုဖလားအားလုံး ရယူနိုင်ခဲ့ပါတယ်။




