
မန်ယူအသင်းရဲ့ ခံစစ်ကစားပုံနဲ့ အမြင့်ဘောအားပြုကစားပုံကို လီဗာပူးနည်းပြအာနဲစလော့ က မကျေမနပ် ပြောဆိုသွားပါတယ်။
အိမ်ကွင်းမှာ ယူနိုက်တက်ကို ၂ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ပြိုင်ဘက်အသင်းရဲ့ ခံစစ်အားပြုကစားပုံနဲ့ အမြင့်ဘောတွေ အများကြီးအသုံးပြုခဲ့တာကို နည်းပြစလော့က ညည်းတွားပြောဆိုခဲ့တာပါ။
ပွဲအစ ၆၂ စက္ကန့်မှာပဲ ဦးဆောင်ဂိုးပေးလိုက်ရတာက Low Block ခံစစ်ကစားပြီး အမြင့်ဘော အားပြုနေတဲ့ အသင်းတသင်းကို ရင်ဆိုင်ဖို ပိုမိုခက်ခဲသွားခဲ့ကြောင်း၊ ပွဲမတိုင်ခင်ကတည်းက အဲဒီလိုကစားမယ်ဆိုတာ ကြိုတင်သိရှိမယ်ဆိုရင် ရှုံးပွဲတွေ့မှာမဟုတ်သလို ခုထက်ပိုပြီးလည်း ဂိုးကန်သွင်းခွင့်တွေ ဖန်တီးနိုင်မှာဖြစ်ကြောင်း နည်းပြစလော့က ပြောပါတယ်။
လီဗာပူးအသင်းအနေနဲ့ တစ်ဂိုးထက်ပိုပြီး ရရှိနိုင်တဲ့ အခွင့်အရေးတွေရရှိခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ကြောင်းလည်း နည်းပြ အာနဲစလော့က ပြောသွားပါတယ်။




