
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပင်နယ်တီကန်သွင်းမှုကို ကွင်းလယ်လူ ဖာနန်ဒက်စ်ကပဲ ဆက်လက် တာဝန်ယူသွားမယ်လို့ နည်းပြရူဘင်အာမိုရင်က ပြောပါတယ်။
ဖာနန်ဒက်စ်ဟာ အခုနှစ်ရာသီမှာ ရရှိခဲ့တဲ့ ပင်နယ်တီ ၃ ကြိမ်ကန်ရာမှာ ၂ ကြိမ်လွဲချော်ခဲ့လို့ ဝေဖန်ခံနေရတာပါ။
နည်းပြအာမိုရင် ကတော့ ပင်နယ်တီကန်သွင်းမယ့်သူ ပြောင်းလဲမှာမဟုတ်ဘဲ ဖာနန်ဒက်စ်အပေါ် ယုံကြည်မှု အပြည့်အ၀ရှိကြောင်း ပြောပါတယ်။
ဘရူနိုဟာ ကစားသမားဘဝတလျှောက် ပင်နယ်တီအကြိမ် ၇၀ ကန်သွင်းရာမှာ ၉ ကြိမ်ပဲ လွဲချော်ခဲ့ပြီး မိမိလက်အောက်မှာ ၂ ကြိမ်လွဲချော်ခဲ့သူ ဖြစ်ကြောင်း၊ ဘရူနိုက ပင်နယ်တီ လေ့ကျင့်မှုတွေ အမြဲတမ်းလုပ်ဆောင်ပြီး ယုံကြည်မှုလည်း ရှိသူဖြစ်တာကြောင့် မလိုအပ်ဘဲ ပင်နယ်တီကန် သွင်းသူ ပြောင်းလဲဖိုမရှိကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။
ဖာနန်ဒက်စ်ဟာ ဘရန့်ဖိုဒ်နဲ့ ဖူဟမ်အသင်းတွေနဲ့ပွဲမှာ ပင်နယ်တီ ၂ ကြိမ်လွဲချော်ခဲ့ပြီး မန်ယူကစားသမားဘ၀ ပင်နယ်တီ ၄၂ ကြိမ် မှာ ၄ ကြိမ် လွဲချော်ခဲ့ပါတယ်။


