Home
အားကစား
ယိုကရက်စ်ကို မန်ယူအသင်းဆီရောင်းချရန် လက်ခံခဲ့ပြီးမှ ပျယ်သွားပုံကို အေးဂျင့် ထုတ်ဖော်ပြော
DVB
·
October 10, 2025
Photo: Reuters

စပို့တင်းလစ္စဘွန်းအသင်းဟာ တိုက်စစ်မှူး ဗစ်တာယိုကရက်စ်ကို မန်ယူနိုက်တက်ဆီ ရောင်းချဖို့ လက်ခံသဘာတူခဲ့ပြီးမှ ပျက်ပြယ်ခဲ့ပုံကို ကစားသမားရဲ့အေးဂျင့်က ပြောပါတယ်။

စပို့တင်းဟာ ယိုကရက်စ်အတွက် အာဆင်နယ်ကပေးတဲ့ဈေးထက် ပိုတဲ့ပမာဏတရပ်နဲ့ မန်ယူအသင်းဆီ ရောင်းချဖို့ လက်ခံခဲ့ပေမဲ့ ယိုကရက်စ်ရဲ့ဆန္ဒအရ အာဆင်နယ်ကို ရွေးချယ်ခဲ့တာကြောင့် မန်ယူအသင်းဆီပြောင်းရွှေ့မယ့် အစီအစဉ် ပျက်ပြယ်ခဲ့ရကြောင်း ကစားသမားရဲ့အေးဂျင့် ဟတ်ဆန်ဆက်တင်ကာရာရဲ့ လက်ထောက်ဖြစ်သူ ဂျိုနသန်ချယ်ကီးရက်စ်က ပြောပါတယ်။

စပို့တင်းဘက်က မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ယိုကရက်စ်ကို ရောင်းချဖို့ မန်ယူနိုက်တက်နဲ့ သဘောတူညီမှု ရယူထားခဲ့ပြီး အဲဒီအချက်က ပြဿနာတရပ် ဖြစ်ခဲ့ကြောင်း၊ အဆုံးသတ်မှာတော့ ယိုကရက်စ်ဘက်က အာဆင်နယ်ကို ရွေးချယ်ခဲ့ပြီး အေးဂျင့်ဝန်ဆောင်ခ အများကြီးရရှိခဲ့ကာ တချိန်မှာ ယိုကရက်စ်ဘက်က ထုတ်ဖော်ပြောဆိုသင့်ကြောင်း အေးဂျင့် ဂျိုနသန်က ပြောသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013