Home
အားကစား
မန်ယူနည်းပြ အာမိုရင်ကို ထုတ်ပယ်ရန် အစီအစဉ်မရှိဟု ပူးတွဲပိုင်ရှင် အတည်ပြု
DVB
·
October 9, 2025
Armorin-Munited

မန်ယူနိုက်တက် နည်းပြအာမိုရင်ကို ရာထူးကနေ ထုတ်ပယ်သွားဖို့ အစီအစဉ်မရှိကြောင်း အသင်းပူးတွဲ ပိုင်ရှင်လည်းဖြစ်၊ အသင်းကို စီမံခန့်ခွဲနေသူလည်းဖြစ်တဲ့ ဆာဂျင်ရတ်ကလစ်ဖ်က အတည်ပြုသွားပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့တပတ်က ဆန်းဒါးလန်းအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်မရခင်အထိ  နိုင်တလှည့်၊ ရှုံးတလှည့်နဲ့ ရလဒ်ပိုင်း မတည်မငြိမ်ဖြစ်ခဲ့တာပါ။

ဘရန့်ဖိုဒ်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ နည်းပြအာမိုရင် ထုတ်ပယ်ခံရနိုင်ကြောင်း သတင်းထွက်လာခဲ့ပေမဲ့  အဲဒီလိုဖြစ်လာမှာမဟုတ်ကြောင်း ရတ်ကလစ်က အတည်ပြုခဲ့တာပါ။

ရူဘင်ဟာ အကောင်းဆုံးဘောလုံးရာသီတွေဖြစ်လာအောင် စွမ်းဆောင်နိုင်ခြင်းမရှိသေးဘဲ ၃ နှစ်ကျော်လောက် အချိန်အတွင်း အံ့မခန်းနည်းပြတယောက်ဆိုတာကို ပြသနိုင်ဖို့ လိုအပ်ကြောင်း၊ မန်ချက်စတာယူနိုက်တက်လို အသင်းကို စိုးရိမ်မှုတွေနဲ့ တည်ဆောက်လို့ မရနိုင်ကြောင်း ဆာဂျင်ရတ်ကလစ်ဖ်က ပြောသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013