
မန်ချက်စတာယူနိုက်တက်ဂိုးသမားသစ် ဆမ်နယ်လမ်မန်စ်ရဲ့ ပွဲဦးထွက်လက်စွမ်းအပေါ် အသင်းဂန္ထဝင် ပီတာရှမိုက်ကယ်က ချီးကျူးလိုက်ပါတယ်။
ဆန်းဒါးလန်းနဲ့ ပွဲစဉ်မှာ ကာကွယ်မှု ၃ ကြိမ် ပြုလုပ်ခဲ့တဲ့ လမ်မန်စ်ကို ပီတာရှမိုက်ကယ် ဝင်စားထားတာလားလို့ ယူနိုက်တက်ပရိသတ်တွေက ပွဲကြည့်စင်ကနေ အော်ဟစ် အားပေးခဲ့ကြတာပါ။
မိမိရဲ့အမည်ကို အော်ဟစ်အားပေးခဲ့ကြတဲ့အပေါ် ကျေးဇူးတင်ရှိပြီး ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဂိုးသမားတွေရဲ့ အမှားကနေတဆင့် ဂိုးတွေ အများကြီးပေးခဲ့ရသလို အခုနှစ် ရာသီမှာပဲ ၉ ဂိုးရှိသွားပြီဖြစ်ကြောင်း ရှမိုက်ကယ်က ပြောပါတယ်။
မိမိအပါအဝင် ဗန်ဒါးဆားနဲ့ ဒီဂီယာတို့ဟာ တရာသီကို ရမှတ် ၁၀ မှတ်လောက်ပြန်ရအောင် ကာကွယ်မှုတွေ လုပ်ဆောင်ခဲ့ကြကြောင်း၊ ဂိုးသမားသစ်အနေနဲ့ ပွဲဦးထွက်မှာ ထူးချွန်တဲ့ လက်စွမ်းပြသနိုင်ခဲ့ပြီး ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့တာက နှစ်သက်စရာကောင်းကြောင်း ပီတာရှမိုက်ကယ်က ချီးကျူးသွားပါတယ်။