
ဂိုးသမားသစ် လမ်မန်စ်ရဲ့ လက်စွမ်းကို သုံးသပ်ဖို အချိန်စောလွန်းသေးကြောင်း မန်ယူနိုက်တက် နည်းပြအာမိုရင်က ပြောသွားပါတယ်။
ဘယ်လ်ဂျီယံဂိုးသမားဟာ အခုနှစ် အပြောင်းအရွှေ့ကမှ ပြောင်းရွှေ့လာသူဖြစ်ပြီး ဆန်းဒါးလန်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ပွဲထွက်ခွင့် ရရှိခဲ့တာပါ။
ပထမဆုံးပွဲမှာပဲ ပေးဂိုးမရှိခဲ့သလို ၃ ကြိမ် ဂိုးပေါက် ကာကွယ်နိုင်ခဲ့ပြီး ဂိုးသမား လမ်မန်စ်ရဲ့ လက်စွမ်းအပေါ် ချီးကျူးမှုတွေ ရှိလာခဲ့တာပါ။
နည်းပြအာမိုရင်ကတော့ ဂိုးသမား လမ်မန်စ်အနေနဲ့ တပွဲသာ ကစားရသေးတာကြောင့် ဆက်လက်ကြိုးစားသွားဖို့ လိုအပ်ပြီး အသင်းကလိုအပ်ချိန်မှာ အမြဲတမ်းအသင့်ရှိနေဖို့ ပြင်ဆင်ထားရမယ်လို့ နည်းပြအာမိုရင်ကပြောပါတယ်။
လမ်မန်စ် လက်စွမ်းပြဖို့ အသင်းဖော်တွေကလည်း ဝိုင်းဝန်းကူညီပေးခဲ့ပြီး ကြီးကြီးမားမား အမှားမရှိဘဲ အာရုံစိုက် ကစားနိုင်ခဲ့ကြောင်းလည်း နည်းပြအာမိုရင်က ပြောသွားပါတယ်။