
မန်ယူနိုက်တက်အသင်းဟာ ကိုလံဘီယာကွင်းလယ်ကြယ်ပွင့် ခရစ္စတီယန် အော်ရိုဇ်ကို ကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။
အသက် ၁၇ နှစ်ပဲရှိသေးတဲ့ ကွင်းလယ်ခံစစ်ကစားသမားဟာ ကိုလံဘီယာကလပ် ဖော်တာလက်ဇာ အသင်းမှာ ကစားနေသူဖြစ်ပြီး ကိုလံဘီယာ ယူ-၁၇ အသင်းနဲ့အတူ တောင်အမေရိက ချန်ပီယံရှစ် ဗိုလ်လုပွဲရောက်အောင် စွမ်းဆောင်နိုင်ခဲ့သူပါ။
မန်ယူအသင်းဟာ လက်ရှိအချိန်မှာ ကွင်းလယ်ခံစစ်နေရာအတွက် ကစားသမားသစ် ရှာဖွေနေတာ ဖြစ်ပေမဲ့ အော်ရိုဇ်ကို အသက် ၁၈ နှစ်ပြည့်တဲ့အချိန် ရောက်မှသာ ပရော်ဖက်ရှင်နယ်စာချုပ်နဲ့ အပြီးသတ် ခေါ်ယူသွားမှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ပါရာဂွေးနောက်ခံလူ ဒီယေဂိုလီယွန်ကိုလည်း ကြိုတင်သဘောတူညီမှုရယူပြီး အခုနှစ် ဇူလိုင်လမှာ အပြီးသတ် ခေါ်ယူခဲ့ပါတယ်။
Photo:x.com