
မန်ယူနိုက်တက်အသင်းဟာ အသင်းမှာ အားနည်းနေတဲ့ ကျောနံပါတ် ၆ နေရာအတွက် ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေက ကစားသမား ၃ ယောက်ကို ခေါ်ယူဖို့ ချိန်ရွယ်နေပါတယ်။
နည်းပြအာမိုရင်ဟာ နံပါတ် ၆ နေရာအတွက် အသက်အရွယ်ကြီးရင့်လာတဲ့ ကတ်စမီရိုကို အသုံးပြုနေပြီး အူဂါတီနဲ့ မိန်နူးတို့ရဲ့ ကစားပုံကိုလည်း အားရကျေနပ်မှု မရှိတာကြောင့် ကစားသမားသစ် ဖြည့်တင်းသွားဖို့ ဆန္ဒရှိနေတာပါ။
ကွင်းလယ်ခံစစ်နေရာအတွက် ဘရိုက်တန်ကြယ်ပွင့် ဘာလေဘာ အပါအဝင် ခရစ္စတယ်ပဲလေ့က အဒမ်ဝါတန်နဲ့ နော်တင်ဟမ်အသင်းက အင်္ဂလန်လက်ရွေးစင် အယ်လီယော့အန်ဒါဆန် တို့ကို ချိန်ရွယ်ထားတယ်လို့ တယ်လီဂရပ်ဖ်သတင်းမှာ ဖော်ပြပါတယ်။
ယူနိုက်တက်ဟာ ဘာလေဘာအတွက် ပေါင်သန်း ၁၀၀ လောက် အသုံးပြုရနိုင်ပြီး အကောင်းဆုံး ကွင်းလယ်ကစားသမားတွေ ဖြစ်လာနိုင်တယ်လို့ ချီးကျူးခံနေရတဲ့ အန်ဒါဆန်နဲ့ ဝါတန်တို့ အတွက်လည်း မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတရပ် ပေးချေမှသာ ခေါ်ယူနိုင်ဖို့ ရှိပါတယ်။