
ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ ရူဘင်အမ်မိုရင်က သူ့အသင်းမှာ ဘယ်ကစားသမားမှ နေရာအတွက် အာမခံချက်မရှိဘူးလို့ပြောတယ်လို့ အားကစားသတင်းထောက် ဖာဘရီဇိုရိုမာနိုက သူ့ရဲ့ လူမှုကွန်ယက်မှာ ဖော်ပြပါတယ်။
ဘယ်ကစားသမားမှ အသင်းမှာ နေရာတခုအတွက် အာမခံချက်မရှိဘဲ လူတိုင်းဟာ အသင်းမှာ နေရာရဖို့ တိုက်ပွဲဝင်နေရမယ်လို့ အမ်မိုရင်က ပြောတာပါ။
ဒါအပြင် သူဟာ ပွဲတွေကို အနိုင်ရအောင် ကြိုးစားနေတာဖြစ်ပြီး လာမယ့်ပွဲကို အနိုင်ရဖို့လည်း နည်းလမ်းတွေ ရှာဖွေနေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အမ်မိုရင် ကိုင်တွယ်ခဲ့တဲ့ပြိုင်ပွဲစုံ ၄၇ ပွဲမှာ ၁၇ ပွဲနိုင် ၁၂ ပွဲသရေကျပြီး ၁၈ ပွဲရှုံးထားသလို လက်ရှိရာသီမှာလည်း ပရီးမီးယားလိဂ် ပွဲစဉ် ၄ အပြီးမှာ နိုင်ပွဲတပွဲပဲရှိသေးပြီး အဆင့် ၁၄ မှာ ရပ်တည်နေပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ဒီနေ့ညမှာတော့ အဆင့် ၅ က ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၅ ကစား ဖို့ ရှိနေပါတယ်။
Photo: Reuters