
မန်ယူနိုက်တက်အသင်းရဲ့ ပြဿနာက နည်းပြမဟုတ်ဘဲ ကစားသမားတွေဖြစ်ကြောင်း အသင်းဂန္ထဝင် ပေါလ်စခိုးနဲ့ နစ်ကီဘတ်တို့က သုံးသပ်သွားပါတယ်။
မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ အပြီးမှာ နိုင်ပွဲတပွဲသာ ရရှိထားပြီး အဆင့် ၁၄ အထိ ရောက်ရှိနေတာပါ။
အသင်းရလဒ်မကောင်းမှုအပေါ် နည်းပြအာမိုရင်ရဲ့ ကစားကွက်အပေါ် ဝေဖန်မှုတွေရှိသည့်တိုင် ကစားသမားတွေရဲ့ အဆင့်အတန်းကြောင့်သာ ဖြစ်တယ်လို့ ပေါလ်စခိုးနဲ့ နစ်ကီဘတ်တို့က သုံးသပ်ခဲ့ကြတာပါ။
ယူနိုက်တက် အနေနဲ့ ၄-၃-၃ ကစားကွက် ပြောင်းလဲကစားမယ် ဆိုရင်တောင် ကစားသမားတွေမှာ လုံလောက်တဲ့ အရည်အချင်းမရှိကြောင်း ပေါလ်စခိုးက သုံးသပ်ခဲ့ပြီး ကစားသမားတွေက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဆင့်အတန်းမှာ မရှိကြောင်း နစ်ကီဘတ်က ပြောပါတယ်။
ကစားသမားတွေအနေနဲ့ လုံလောက်တဲ့ စိတ်အားထက်သန်မှု မရှိသလို အမြန်နှုန်းနဲ့ ဘောလုံးကိုင်ကစားနိုင်တဲ့ အရည်အချင်းလည်း မရှိကြောင်း မန်ယူဂန္ထဝင် ၂ ယောက်က တညီတညွတ်တည်း သုံးသပ်သွားပါတယ်။