
မန်ချက်စတာဒါဘီမှာ မန်စီးတီးကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ရဲ့ အနာဂတ်အပေါ် စိုးရိမ်မိကြောင်း ယူနိုက်တက်ဂန္ထဝင်နောက်ခံလူ ဂယ်ရီနဗီးလ်က ပြောသွားပါတယ်။
ပရီးမီးယားလိဂ်ရာသီသစ် ပြန်စပြီး ပွဲစဉ် ၄ အပြီးမှာ အဆင့် ၁၄ နေရာ ရောက်နေတာက ပြဿနာ မရှိပေမဲ့ လာမယ့် အောက်တိုဘာလလောက်မှာလည်း အခုလိုနေရာ ရောက်နေမယ်ဆိုရင်တော့ နည်းပြအတွက် ပြဿနာဖြစ်သွားနိုင်ပြီး နိုင်ပွဲတွေ အမြန်ဆုံးရယူဖို့ လိုအပ်ကြောင်း နဗီးလ်က ပြောပါတယ်။
လာမယ့်တပတ်မှာ ယှဉ်ပြိုင်ရမယ့် ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ထပ်ပြီးရှုံးနိမ့်ခဲ့မယ်ဆိုရင် အဆင့် ၁၅၊ ၁၆ လောက်အထိ ကျဆင်းသွားမှာဖြစ်ပြီး ပေါင်သန်း ၂၀၀ လောက်သုံးပြီး တိုက်စစ်ပြင်ဆင်ထားတဲ့ အသင်းအတွက် မဖြစ်သင့်ကြောင်း နဗီးလ်က ပြောပါတယ်။
ဆက်လက်ပြီး လက်ရှိအခြေအနေမှာ နည်းပြအာမိုရင်ရဲ့ အနာဂတ်အပေါ် စိုးရိမ်မိသလို လာမယ့်ရက်သတ္တပတ်တွေအတွင်းမှာ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကလည်း စိုးရိမ်စရာကောင်းကြောင်း စကိုင်းစပေါ့ ရုပ်သံကနေ နဗီးလ်က သုံးသပ် တင်ဆက်သွားခဲ့ပါတယ်။