
မန်စီးတီး ဝါရင့်ကစားသမား ဘာနာဒိုဆေးလ်ဗားကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူသွားမယ်လို့ ဘင်ဖီကာအသင်းဥက္ကဋ္ဌ လိုပက်စ်က ပြောပါတယ်။
ဆေးလ်ဗားဟာ မန်စီးတီးနဲ့ နောက်ဆုံး ၁၂ လ သက်တမ်းသာ ကျန်ရှိတော့တာဖြစ်ပြီး အခုနှစ် ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာရဖို့ ရှိနေသူပါ။
အသက် ၃၁ နှစ်ရှိ ပေါ်တူဂီကစားသမားဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အသင်းပြောင်းရွှေ့ဖို့ အကြိမ်ကြိမ် သတင်းထွက်ခဲ့ပေမဲ့ စီးတီးမှာ ဆက်ရှိခဲ့တာပါ။
ဘာနာဒိုဆေးလ်ဗားအတွက် စာချုပ်တခု စောင့်ကြိုနေတယ်ဆိုတာ အတည်ပြုနိုင်ပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကြိုးပမ်းမယ်လို့ ဘင်ဖီကာဥက္ကဋ္ဌ လိုပက်စ်က ပြောပါတယ်။
ဆေးလ်ဗားဟာ လူငယ်ကစားသမားဘဝကို ဘင်ဖီကာအသင်းမှာ ဖြတ်သန်းခဲ့သူဖြစ်ပြီး ၂၀၁၄ ခုနှစ်က မိုနာကိုဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်ကတည်းက မန်စီးတီးမှာ ကစားနေတာပါ။
ဆေးလ်ဗားဟာ ဘင်ဖီကာပရိသတ်တယောက်ဖြစ်ပြီး အသင်းဆီကို အောင်ပွဲရယူလိုစိတ်တွေ ယူဆောင်ပေးမယ့်သူဖြစ်ကြောင်း ဥက္ကဋ္ဌ လိုပက်စ်က ပြောသွားပါတယ်။