
မန်ယူနိုက်တက်နဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ အီဂျစ်တိုက်စစ်ကစားသမာ အိုမာမာမွတ်ရှ်လွဲချော် မယ်လို့ မန်စီးတီးအသင်းက သတင်းထုတ်ပြန်သွားပါတယ်။
အသက် ၂၆ နှစ်ရှိ တိုက်စစ်ကစားသမား ဘူကီနာဖာဆိုနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပွဲအစ ၉ မိနစ်မှာပဲ ဒူးဒဏ်ရာရရှိခဲ့လို့ လူစားလဲခံခဲ့ရတာပါ။
ချိုင်းထောက် အကူအညီနဲ့ မန်စီးတီးအသင်းဆီပြန်ရောက်လာတဲ့ မာမွတ်ရှ်ရဲ့ ဒူးဒဏ်ရာကို ကနဦးစစ်ဆေးချက်အရ မန်ယူနိုက်တက်နဲ့ ဒါဘီပွဲစဉ်မှာ ပါဝင်နိုင်မှာမဟုတ်ကြောင်း၊ စီးတီး အသင်းသားအားလုံးက အမြန်ဆုံးပြန်လည်ကောင်းမွန်လာဖို့ ဆုတောင်းကြောင်း မန်စီးတီးက သတင်းထုတ်ပြန်ပါတယ်။
မာမွတ်စ်ဟာ မန်စီးတီးအသင်းရဲ့ ၉ ယောက်မြောက် ကစားသမားဒဏ်ရာရရှိမှုဖြစ်ပြီး နည်းပြ ဂွါဒီယိုလာအတွက် ရွေးချယ်စရာ နည်းပါးသွားခဲ့တာ ဖြစ်ပါတယ်။
Photo: Reuters